Friday, September 6, 2013

ပညာသင်ဆုများလျှောက်ထားနိုင်



ပညာရေးလိုက်စားသော ကျောင်းသူ၊ ကျောင်းသားများခင်ဗျာ...

ဟောင်ကောင်မှာရှိတဲ့ တက္ကသိုလ်တစ်ချို့မှာ မြန်မာပြည်လူငယ်များ
ကျောင်းတက်နိုင်ရန်အတွက် *Hong Kong Undergraduate Program (HKUG)
*ပညာသင်ဆုများလျှောက်ထားနိုင်ပါ
တယ်။

လျှောက်လွှာများကိုတော့ www.myanmarstudyabroad.org ၀က်ဘ်ဆိုဒ်ရဲ့ Home Page
သတင်းစာမျက်နှာမှာ ရယူနိုင်ပြီး အောက်တိုဘာလ (၂၄) ရက်နေ့အထိ
နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။
ပညာသင်ဆုနဲ့ပတ်သက်တဲ့ အသေးစိတ် သတင်းအချက် အလက်များကို
စုံစမ်းမေးမြန်းလိုတယ်ဆိုရင် - Scholarships and Student Support Department,
သပြေပညာရေး ဖောင်ဒေးရှင်း၊ အမှတ် ၆၀၅ (A) စံရိပ်ငြိမ် (၆)လမ်း၊
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်သလို
အီးမေးလ်လိပ်စာ hkugscholarship@gmail.com မှဖြစ်စေ၊ ဖုန်းနံပါတ် 09 732 48506
ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်။

*HKUG ပညာသင်ဆုအတွက် အသေးစိတ်သတင်းအချက်အလက်များ ဟောပြောမည့်အစီအစဉ်ကို
အောက်တိုဘာလ
(၈) ရက်၊ အင်္ဂါနေ့ ညနေ ၅ နာရီ မှ ၆ နာရီ အထိတွင် တစ်ကြိမ်၊ အောက်တိုဘာလ (၁၅)
ရက်၊ အင်္ဂါနေ့ ညနေ ၅ နာရီ မှ ၆ နာရီ အထိတွင် တစ်ကြိမ်၊ နှစ်ကြိမ်တိတိ
သပြေပညာရေးဖောင်ဒေးရှင်းမှာ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူအများ
တက်ရောက်နိုင်ပါတယ်။ *

HKUG ပညာသင်ဆုကို ၂၀၀၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီးတော့ မြန်မာပြည်မှ
ကျောင်းသူ၊ ကျောင်းသားပေါင်း ၃၄ ယောက်ကို ပညာသင်ဆုချီးမြှင့်ခဲ့ပြီးဖြစ်တယ်။
လက်ရှိမှာတော့ ဟောင်ကောင်တက္ကသိုလ်များမှာ ကျောင်းတက်နေတဲ့ မြန်မာ ကျောင်းသူ၊
ကျောင်းသားပေါင်း ၂၀ တိတိရှိပါတယ်။

--
Min Thein Win
Program Manager
Study Abroad Counseling Service
Scholarship and Student Support
src.studyabroad@gmail.com
No. 605 A, San Yeik Nyein 6th Street
(Near Hle Dan, San Yeik Nyein Bus Stop)
Kamaryut Township, Yangon.

No comments:

Post a Comment